အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့နာမည်အကြီးဆုံးအစားအစာများ

| Food, Knowledge | July 13, 2019

ယခုဖော်ပြပေးမှာကတော့ အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့နာမည်အကြီးဆုံးအစားအစာများ…

1. Indonesia – Nasi Padang

အင်ဒိုနီးရှားနိုင်ငံရဲ့ပြန့်ကျဲနေတဲ့ကျွန်းများကြောင့် နာမည်ကြီးတဲ့အစားအစာကိုရေးရမှာခက်ခဲပါတယ်။များစွာသော အစားအစာတွေထဲမှာမှ Nasin Pandang ဆိုတဲ့ ထမင်းဖြူပေါ်ကို နှစ်သက်ရာဟင်းကိုလောင်းပြီးစားသောက်နိုင်တဲ့ နေ့စဉ်စားသုံးတဲ့အစားအစာကိုပဲဖော်ပြပေးလိုက်ပါတယ်။

2.Philippines-Adobo

Adobo လို့ခေါ်တဲ့ ဝက်သား ဒါမှမဟုတ် ကြက်သားကို ပဲငံပြာရည် ရှာလကရည် ဂျင်း ကြက်သွန် တို့ပါဝင်တဲ့ အငန်အရသာကဲတဲ့ ဆော့စ်နဲ့တွဲဖက်စားသုံးရတဲ့ ဒီဟင်းပွဲကို ထမင်းဖြူနဲ့စားသုံးကျပါတယ်။

3.Brunei – Ambuyat

ဘရူနိုင်း ရိုးရာအစားအစာဖြစ်တဲ့ သာကူလိုစေးကပ်တဲ့ကော်ရည်မုန့်နှစ်ကို အချဉ်ဖောက်ထားတဲ့ ဆော့စ် ဟင်းသီးဟင်းရွက် စွပ်ပြုတ် တို့နဲ့အတူတွဲဖက်စားသုံးရတဲ့ အစားအစာပါ။

4.Singapore -Chicken Rice

စင်ကာပူ ကြက်ဆီထမင်းလို့သိကျပါတယ်။ပြုတ်ထားသောကြက်သားနဲ့ထမင်းကို ရိုးရိုးရှင်းရှင်းချကက်ပြုတ်ထားတဲ့ဒီဟင်းလျာကို ငရုပ်သီး ပဲငံပြာရည်တို့နဲ့စပ်ထားတဲ့ ဆော့စ်နဲ့တွဲဖက်စားကျပါတယ်။

5.Malaysia-Nasi Lemak

အုန်းသီးနဲ့ချက်ပြုတ်ထားသောထမင်းကို အခြားအသား အရွက်တွေစုံလင်စွာ ငှက်ပျော်ရွက်ပေါ်မှာတည်ခင်းပြီးစားရတဲ့ဒီအစားအစာဟာ အလွန်ရေပန်းစားပါတယ်။ထမင်းအပေါ်မှာ ကြက်ဥကျော် ကြက်သားကြော် တို့အပြင် ဆော့စ်ပါလောင်းပြီးစားရကာ အလွန်အရသာရှိတယ်ဆိုပါတယ်။

အခုဖော်ပြသွားတာကတော့ အရှေ့တောင်အာရှနိုင်ငံအချို့ရဲ့ နာမည်ကြီးအစားအစာတွေပဲဖြစ်ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends