လူတစ်ယောက်၏အပြုအမူကို သုံးသပ်ခြင်း

| Knowledge, Motivation | February 22, 2015

ထိုသူဟာ လူကောင်းတစ်ယောက်ဖြစ်သလား? ထိုသူရဲ့ အပြင်ပိုင်းကို ကြည့်ပြီးဆုံးဖြတ်လို့ မရပါ။ ပြီးတော့သူ့ကိုလူတွေက ဝိုင်းဝန်းချီးမွမ်းနေကြလို့လဲ လူကောင်းဟု မဆိုနိုင်ပါ။ အမှန်နဲ့ အမှားနှစ်ခုစလုံးကို ခွဲခြားသိပြီး၊ အမြဲတမ်း အမှန်တရားကိုပဲ သိအောင်ကြိုးစားနေသူကိုလဲ လူကောင်းတစ်ယောက်လို့ မဆိုနိုင်ပါ။

တခြားတစ်ယောက်အတွက် စံနမူနာကောင်းပြရုံဖြင့်လည်း မဖြစ်နိုင်ပါ။ ဘဝရဲ့ နိယာမတရားအရ လူကောင်းတို့အတွက် သတ်မှတ်ထားသော မဏ္ဏိုင် (၆) ချက်ရှိပါသည်။ ၎င်းတို့မှာ- ယုံကြည်စိတ်ချမှု၊ ရိုသေလေးစားမှု၊ တာဝန်သိမှု၊ တရားမျှတမှု၊ စောင့်ရှောက်မှု နဲ့ နိုင်ငံသားကောင်းပီသမှုတို့ပဲ ဖြစ်ပါသည်။Classified Myanmar

ယုံကြည်စိတ်ချမှု

(၁) ပြီးပြည့်စုံခြင်း – မိမိကိုယ်ကို ယုံကြည်ပြီး ရပ်တည်နိုင်ရမည်။ မိမိ၏ ဝေဖန်ပိုင်းခြားမှုကို မတွေဝေပဲ လုပ်ဆောင်နိုင်ရမည်။ အခြားသူတစ်ယောက်ရဲ့ ပြောစကားကို နားမယောင်ဘဲ ဆောင်ရွက်ရမည်။
(၂) ရိုးသားခြင်း – လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခိုးဝှက်ခြင်း၊ လျှို့ဝှက်ခြင်း တို့ကို ဘယ်သောအခါမှ မပြုလုပ်ပဲ အမှန်ကို အမှန်တိုင်း
ရဲဝင့်စွာပြောဆိုနိုင်ရမည်။
(၃) အားကိုးအားထားခြင်း – မိမိ၏ ကတိသစ္စာတရားကို စောင့်သိရမည်။ နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားမှခေါင်းဆောင်ကောင်း
ဖြစ်နိုင်လိမ့်မည်။
(၄) သစ္စာစောင့်သိမှု – မိမိနိုင်ငံ၊ မိဘ၊ သူငယ်ချင်းများနှင့် ဆွေမျိုးများကို ကာကွယ်ရမည်။ သူတစ်ပါး၏ လျှို့ဝှက်ချက်ကို
ထိန်းသိမ်းထားနိုင်ရမည်။

ရိုသေလေးစားမှု

(၁) အုပ်ချုပ်ခြင်း – အခြားသူတို့၏ မှားယွင်းသော လုပ်ရပ်များကို ဥပဒေနည်းအတိုင်း ဆောင်ရွက်ဖြေရှင်းရမည်။ မိမိကို အားကိုးပြီး
ရပ်တည်သူများကို ဦးစားပေးစဉ်းစားရမည်။
(၂) သည်းခံခြင်း – အကြောင်းမဲ့ ရန်မူသူများကို မလိုအပ်ဘဲ တုံ့ပြန်မှု မပြုလုပ်ရပါ။ အခြားသူများနဲ့ ဆက်ဆံရာတွင် ဒေါသ မာန မထားဘဲ
ပြုမူဆက်ဆံရမည်။
(၃) ရဲရင့်ခြင်း – သဘောထားကွဲလွဲမှုများကို ဖြေရှင်းနိုင်ရမည်။ မိမိဦးဆောင်သော ကိစ္စများတွင် ကောင်းမွန်စွာ ဦးဆောင်နိုင်ရမည်။
(၄) ချေငံခြင်း/ရိုသေခြင်း – မိမိကိုယ်တိုင်က ရိုသေမှုရှိမှသာ အခြားသူများသည်လည်း မိမိကို ရိုသေလေးစားမည် ဖြစ်သည်။

တာဝန်သိမှု

(၁) တာဝန်ရှိခြင်း – မိမိတာဝန်ကို နားလည်ပြီး ကျေပွန်အောင် ထမ်းဆောင်ရမည်။
(၂) တာဝန်ခံခြင်း – မိမိရွေးချယ်သော လုပ်ရပ်အတွက် ဖြစ်လာသော အကျိုးသက်ရောက်မှုကို လက်ခံနိုင်ရမည်။
(၃) အမှီလိုက်ခြင်း – လုပ်ဆောင်မှုတိုင်းအတွက် ရှေ့ကလုပ်သူထက် ပိုမိုကောင်းမွန်အောင် လုပ်နိုင်စွမ်းရှိရမည်။
(၄) မိမိကိုယ်ကိုထိန်းချုပ်ခြင်း – ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန် မိမိဘာသာ စည်းကမ်းထိန်းရမည်။ အချိန်၊ ကျန်းမာရေးနှင့် ပိုက်ဆံတို့ကို စနစ်ကျစွာ အသုံးချရမည်။

တရားမျှတမှု

(၁) တရားခြင်း – ဖြူစင်သော စိတ်ဓာတ်ထားရှိပြီး လူတိုင်းအပေါ်တွင် ညီမျှစွာဆက်ဆံရမည်။ ကိုယ့်စိတ်ကြိုက် ဘက်လိုက်ခြင်းမရှိဘဲ
ဆုံးဖြတ်ချက်ချရမည်။
(၂) ပွင့်လင်းခြင်း – စိတ်ထဲရှိသော အကြောင်းအရာများကို အမှန်အတိုင်း ဖွင့်ချပြောဆိုနိုင်ရမည်။

စောင့်ရှောက်မှု

(၁) ထောက်ထားညှာတာခြင်း – မျှဝေခံစားမှု ရှိရမည်။ ကြင်နာခြင်း၊ ချစ်ခြင်းတရားတို့ကို သဘောထားကြီးစွာ ထားရှိရမည်။ ကျေးဇူးတင်ထိုက်သော
သူအတွက် ကျေးဇူးတရားကို သိရှိရမည်။
(၂) မေတ္တာထားခြင်း – မိမိအကျိုးလို့ငှာ မဟုတ်ပဲ စေတနာအမှန်တကယ်ထားကာ ပိုမိုကောင်းစေရန် ရည်ရွယ်၍ လုပ်ဆောင်နိုင်ရမည်။

နိုင်ငံသားကောင်းပီသမှု

(၁) ဝေမျှခြင်း – မိမိသိသော အသိပညာများကို အခြားသူများကိုပါ သိရှိအောင်ဖြန့်ဝေပေးနိုင်ရမည်။ သဘာဝပတ်ဝန်းကျင်များကို ဝိုင်းဝန်းထိန်းသိမ်းခြင်း၊ နိုင်ငံ၏အရေးပါသော နေရာများတွင် ပါဝင်ဆင်နွှဲခြင်းတို့ရှိရမည်။
(၂) လိုက်နာခြင်း – ချမှတ်ထားသော စည်းကမ်းဥပဒေများကို မှန်ကန်စွာလိုက်နာရမည်။

– Tinmg Htoo

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends