StayHome မှာ Detox Water နဲ့ကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားမယ်

| Food, Health | October 7, 2020

Detox water ဆိုတာခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေကိုထုတ်ပေးပြီး အဆီလဲကျ အသားအရည်လဲလှစေရန်သောက်သုံးသင့်တဲ့ အရည်ပါ။ ဘေးထွက်ဆိုးကျိုးမရှိပဲ သဘာဝနည်းအတိုင်းအဆီကျလှပစေရန်လည်းသောက်သုံးလို့ရပါတယ်။အသားအရည်ကိုစိုပြေလှပစေပြီး အူလမ်းကြောင်းကိုလည်းသန့်စင်စေပါတယ်။

 

Detox water လုပ်ရန်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေဟာကုန်ကျစရိတ်အလွန်သက်သာပြီး လုပ်ရတာလဲလွယ်ကူပါတယ်။ ကဲလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့…

 

ရေ – ၁လီတာ

သခွါးသီး – ၁လုံး

သံပရာသီး -၁လုံး

ပူတီနာရွက်-၁၀ရွက်

ဂျင်း-၁တက်

 

ရေ ၁လီတာဘူး သို့မဟုတ် ခရားထဲကို သခွါးသီး နဲ့ သံပရာသီး ကိုအကွင်းလေးတွေလှီးထည့်ပါ။ဂျင်း၂ ပြားလောက်ထည့်ပါ။အနံ့ပိုရစေလိုပါက ဂျင်းကိုထုပီးထည့်ပါ။ပူတီနာရွက်ထည့်ပါ။အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ အပြင်မှာထားလဲရပါပေမဲ့ ရေခဲသေတ္တာထဲထည့်ထားလျင်သောက်ရတာ ပိုအဆင်ပြေပါတယ်။တစ်ခါသောက်ပြီးတိုင်း ရေထပ်ထည့်လို့ရပါတယ်။ 

 

အသီးအနှံတွေကလတ်ဆတ်ဖို့လိုတဲ့အတွက် တစ်ရက်ထက်တော့ပိုမထားသင့်ပါဘူး။ Detox water ကိုနေ့စဉ်သောက်သုံးလို့ရသလို တစ်ပတ်တစ်ခါ တစ်လတစ်ခါလဲသောက်လို့ရပါတယ်။ Detox water ဟာဆိုးကျိုးမရှိပေမဲ့ နို့တိုက်မိခင်တွေနဲ့ အစာအိမ်ရောဂါအခံရှိတဲ့သူတွေတော့မသောက်သုံးသင့်ပါဘူး။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends