စာကျက်ချင်စိတ်ရှိလာစေရန်နည်းလမ်းများ

| Knowledge | November 2, 2018

စာကျက်ရမှာပျင်းတဲ့သူတွေ ဒါမှမဟုတ် စာစလုပ်ဖို့စိတ်မပါသေးသူတွေအတွက် စာအပေါ်အာရုံစိုက်စိတ်ပါ ဝင်စားလာစေမဲ့နည်းလမ်းတွေကိုဖော်ပြပေးပါမယ်…

ပထမဆုံးအချက်အနေနဲ့သင့်ရဲ့အခန်းနဲ့စာကြည့်စားပွဲကိုရှင်းရှင်းလင်းလင်းဖြစ်အောင်အရင်ပြင်ဆင်လိုက်ပါ။

စာလုပ်ရန်လိုအပ်တဲ့စာအုပ်နဲ့စာရွက်စာတမ်းမှလွဲ၍အခြားမလိုအပ်တဲ့စာရွက်တွေစာအုပ်တွေကိုရှင်းလင်းလိုက်ပါ။

လေ့လာကျက်မှတ်ဖို့လိုအပ်တဲ့စာမှန်သမျှ List ရေးဆွဲပြီး လုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်ထားရှိရပါမယ်။

စာလုပ်ချင်စိတ်မရှိသေးလို့ စိတ်မပါသေးလို့ ဒါမှမဟုတ် အချိန်ရသေးတဲ့သူတွေကတော့ စိတ်ဓာတ်ခွန် အားတက်စေမဲ့ Movie ကြည့်ရှုတာ သီချင်းနားထောင်တာတွေကိုလုပ်ပေးပါ။

စာလုပ်နေတဲ့အချိန်မှာတော့ ဖုန်း သုံးတာမျိုး အခြားသူနဲ့မသက်ဆိုင်တဲ့စကားပြောနေတာမျိုး စတဲ့အာရုံစိုက် မှုကိုဖျက်စီးနိုင်တဲ့အရာတွေမလုပ်သင့်ပါဘူး။

တစ်နေ့တာစာလုပ်တာထိုက်သင့်သလောက် စာရသွားပြီအကျိုးရှိတာလုပ်ဖြစ်တယ်ဆို ကိုယ့်ကိုကိုယ် အနား ပေးပြီးအစားကောင်းစားခြင်း ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းစတာတွေကိုလုပ်ပေးသင့်ပါတယ်။

အခုဖော်ပြတဲ့အချက်တွေက စာလုပ်တဲ့အချိန် စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်နိုင်စေရန်အတွက် အထောက်ကူ ပြုမယ်လို့မျော်လင့်ပါတယ်။

Ref-StudyHack

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends