အောင်မြင်သူတို့ထားရှိရမည့်စိတ်နေစိတ်ထား
ဘဝမှာ အောင်မြင်မှုကိုလိုလားသူတွေအတွက် လုပ်ငန်းခွင် မှာ စိတ်နေစိတ်ထားမှအစ အပြုအမူအနေအထိုင်ကအဆုံး ဂရုတစိုက် ဆင်ခြင်ဖို့လိုပါတယ်။ ဒါကြောင့် သင့်အလုပ်ခွင်မှာ အောင်မြင်မှုရရှိစေမဲ့ နည်းလမ်းတွေကိုဖော်ပြပေးပါမယ်
ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် အခက်အခဲတွေကိုရင်ဆိုင်ရမှာ မလွဲမသွေပါပဲ။ ဘဝကိုသက်တောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးပဲ ကျော်ဖြတ်နေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ဝေးနေဦးမှာပါပဲ။ အမြဲတိုးတက်ဖို့လမ်းစကိုရှာဖွေနေခြင်းဟာ အောင်မြင်မှုနဲ့နည်းစပ်ခြင်းပါပဲ။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင်တော့ သက်တောင့်သက်သာနေခြင်းကိုစွန့်လွှတ်လိုက်ပါ။
နောက်တစ်ချက်ကတော့ မိမိကို စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့Mentorကိုရှာဖွေပါ။ မိမိလုပ်နေတဲ့ အရာ၊လုပ်ချင်တဲ့အရာကို အောင်မြင်စွာလုပ်ကိုင်နေသူတွေဆီမှတစ်ဆင့် အကြံဉာဏ်ကောင်းတွေသာမက စိတ်ဓာတ်ခွန်းအားတွေရယူပါ။ထိုသူတွေဆီမှရရှိတဲ့ အမှားတွေ အမှန်တွေ စသဖြင့်သုံးသပ်ပြီး အောင်မြင်မှုကိုရှာဖွေပါ။
ဘဝမှာတိုးတက်ချင်တယ်ဆိုရင်တော့ အမြဲမျက်စိဖွင့်နားစွင့်ပြီး ပြောင်းလဲမှုတွေကို အမှီလိုက်နိုင်ရပါမယ်။မဆုတ်မနှစ် ဇွဲကောင်းကောင်းနဲ့ မိမိပန်းတိုင်အပေါ်ပဲ အာရုံထားပြီး ကြိုးစားပါ။
အတင်းအဖျင်းစကားတွေကို လျစ်လျူရှုထားပါ။ ကိုယ်တိုင်လဲ Negative အမြင်နဲ့လူတိုင်းကိုမဝေဖန်ပါနဲ့။ ဒါဟာ အောင်မြင်တဲ့သူတစ်ယောက်ရဲ့ Behavior မဟုတ်သလို တစ်ခြားသူအပေါ် Respect မထားရာရောက်ပါတယ်။
မိမိရဲ့လမ်းကြောင်းပေါ်မှာ ရှိတဲ့ အသစ်အသစ်သောအရာတွေကို လျစ်လျူမရှုထားပဲ အမြဲ သင်ယူနေပါ။ ဘဝမှာသင်ယူပြီးမြောက်တယ်ဆိုတာမရှိပါဘူး ။
Ref-UMBC