အလွန်နက်မှောင်ပြီး မျက်စိဖြင့် မမြင်နိုင်သည့် Super Black (Ventablack)

| Knowledge, science | January 15, 2015


အလွန်နက်မှောင်လှသည့် အရာဝတ္ထုတစ်ခုကို ကျွန်ုပ်တို့မျက်စိဖြင့် စူးစိုက်ကြည့်ရှုလိုက်မည်ဆိုပါက ထိုအရာဝတ္ထုအား ကွဲကွဲပြားပြား မြင်တွေ့ရမည် မဟုတ်ပေ။ ယခုအခါ ထိုအရာဝတ္ထုမှာ ဗြိတိန်သိပ္ပံပညာရှင်တို့၏ တီထွင်ဖန်တီးမှုဖြင့် ပေါ်ထွက်လာခဲ့ပါပြီ။ ၎င်းကို Ventablack ဟု အမည်ပေးထားပါတယ်။ Surrey Nanosystems ကုမ္ပဏီက Nano နည်းပညာဖြင့် ဖန်တီးထုတ်လုပ်ထား တာဖြစ်ပါတယ်။ မျက်စိဖြင့် မြင်တွေ့သမျှ အလင်းရောင်ရဲ့ ၉၉.၉၆% ကို စုပ်ယူနိုင်ကြောင်း သိရှိရသည်။

အလူမီနီယမ်သတ္တုကလေးများကို တွန့်အောင်ပြုလုပ်ပြီး အောက်ခံထား၍ အပေါ်မှ Ventablack ကို သတ္တုပြား၏အောက်ခံပုံစံအတိုင်း ဖုံးအုပ်လိုက်ပါက တွန့်နေသော အရေးအကြောင်းများအား မမြင်ရတော့ သည်ကို Independent journal က ဖော်ပြထားပါသည်။

ကျွနု်ပ်တို့ ဝတ်ထားသော အဝတ်အစားပေါ်ကို Ventablack တင်ထားလိုက်ပါက အဝတ်အစားရဲ့နဂို အရောင်ပျောက်ကွယ်သွားမှာ ဖြစ်ပြီး နက်မှောင်သော အနက်ရောင် အပေါက်ကြီးသဖွယ် ဖြစ်နေတာကိုတွေ့ရပါလိမ့်မည်။

Ventablack ကို ဆံချည်မျှင်တစ်မျှင်ထက် အဆပေါင်း ၁၀,၀၀၀ သေးငယ်သည့် Nano tube များဖြင့် ပြုလုပ်ထားပြီး သံမဏိထက် ၁၀ ဆ မာကျောကာ ကြေးနီထက်လည်း ၇ ဆ စွမ်းရည်မြင့်မားသည်ဟု ဆိုထားပါသည်။ Ventablack သည် ထူးဆန်းသော ပစ္စည်းဖြစ်ရုံတင် မဟုတ်ပဲ၊ စမ်းသပ်မှုအသစ်များ ပြုလုပ်ရန်အတွက်လည်း စိတ်ကူးသစ်များ ဖြစ်ပေါ်စေပါသည်။

– Ref: http://goo.gl/zouBKP

– Tinmg Htoo

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends