ငိုကြွေးခြင်း(မျက်ရည်ကျခြင်း)ဆိုင်ရာ သိကောင်းစရာများ

| Health, Knowledge | September 14, 2017

 

မျက်ရည်ကျတာဟာ သဘာဝတရားပါပဲ။ ဝမ်းနည်းစရာကြုံလို့ပဲဖြစ်စေ၊ ဝမ်းသာစရာကိစ္စရှိလို့ပဲဖြစ်စေ မျက်ရည်ကျတတ်ကြပါတယ်။ ဒါပေမယ့် တချို့ကမျက်ရည်ကျမှာကို ကြိတ်မှိတ်သည်းခံတတ်လေ့ရှိကြပါတယ်။ ရင်ထဲမှာ ခံစားနေရတာကိုဖုံးကွယ်ပြီး အဆင်ပြေချင်ယောင်ဆောင်တတ်ကြပါတယ်။ တကယ်တော့ မျက်ရည်ကျတာဟာ စိတ်ပျော့ညံ့လို့မဟုတ်ပါဘူး။ မျက်ရည်ကျတတ်တဲ့သူတွေဟာ ပိုလို့တောင်သန်မာကြပါသေးတယ်။ ဒါကြောင့်မျက်ရည်ကျသူတွေ ဘာလို့သန်မာကြလဲဆိုတာ မျှဝေပေးလိုက်ရပါတယ်။

Continue reading »

ကြောက်မက်ဖွယ်ရာ Ebola ကူးစက်ရောဂါ

| Knowledge | October 20, 2014

myanmar onlineကမ္ဘာတစ်ဝန်းရှိလူသားများသည် သမိုင်းတစ်လျှောက်လုံးတွင် Cholera ဝမ်းပျက်ရောဂါ၊ ပလိပ် ရောဂါနှင့် ငှက်ဖျားရောဂါ၊ တုပ်ကွေးရောဂါ၊ HIV/AIDS ရောဂါ၊ Asian fiu၊ Hong Kong flu၊ SARS ရောဂါ၊ H1N1 ရောဂါ အစရှိသည့် ကူးစက်ရောဂါများကိုခံစားရပြီး သေဆုံးလျက်ရှိကြပါသည်။ ထိုကဲ့ သို့ လူသားများကိုအသက်ကိုအန္တရာယ်ပြုနိုင်သည့်ကြောက်မက်ဖွယ်ရာကူးစက်ရောဂါများတွင် ယခုလတ်တလော အနောက်အာဖရိကနိုင်ငံများဖြစ်သည့် Guinea၊ Liberia၊ Nigeria၊ Senegal၊ Sierra Leone အစရှိသည့် နိုင်ငံများတွင်ကူးစက်ပြန့်ပွားလျက်ရှိသည့် Ebola ကူးစက်ရောဂါ သည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏အောက်တိုဘာလ ၁၅ ရက်နေ့ သတင်း ထုတ်ပြန်ချက်အရ Ebola ရောဂါဖြစ်ပွားသူလူဦးရေမှာ ၈၉၉၇ ဦးရှိပြီး လက်ရှိရောဂါကူးစက်သေဆုံး သူဦးရေမှာ ၄၅ဝဝ ကျော်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါသေဆုံးသူများထဲတွင် ကျန်းမာရေး ဝန်ထမ်း ၂၁၆ ဦးပါဝင်ကြောင်းသိရှိခဲ့ရပါသည်။

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ Ebola ရောဂါကူးစက်ပြန့်ပွားမှုတွင် အာဖရိက အပြင်ဖက်၌ ရောဂါကူးစက်ခံရသူပေါင်း(၁၇) ဦးရှိပြီး ၄ ဦးမှာသေဆုံးသွားခဲ့ပြီးဖြစ်ပါသည်။ အောက်တို ဘာလ အစောပိုင်းတွင် အသက် ၄၄ နှစ်အရွယ် စပိန်သူနာပြု Teresa Romero သည် လိုက်ဘေးရီး ယားနိုင်ငံက ပြန်လာသည့် ဓမ္မဆရာတစ်ဦးကိုပြုစုပေးရင်း ရောဂါကူးစက်ခံခဲ့ရပါသည်။ ၎င်းမှာ အာဖရိ က

Continue reading »

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends