အီစွပ်၏ကမ္ဘာကျော်ပုံပြင်များ

| Knowledge, Motivation | December 11, 2014

Fable ဟု လူသိများထင်ရှားသည့် ပုံပြင်အမျိုးအစားမှာ ဖတ်ရှုသူများအား သင်ခန်းစာပေးသော ပုံပြင် များ ဖြစ်ပြီး အီစွပ်ရေးသားသောပုံပြင်များမှာ Aesop’s Fables ဟုပြောစမှတ်ပြုလောက်သည်အထိ ကမ္ဘာ တစ်ဝန်းလုံးရှိ လူအများအပြား သိရှိကြသည့် ကမ္ဘာကျော်ပုံပြင်များဖြစ်ကြပါသည်။ ယုန်နှင့်လိပ်၊ စပျစ်သီး နှင့် မြေခွေး၊ နွားစာခွက်ထဲက ခွေး၊ ခင်္သြေ့ နှင့် ကြွက်၊ ပုရွက်ဆိတ်နှင့် နှံကောင် အစရှိသည့် ပုံပြင်များမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ စာဖတ်သူ အများစုနှင့် ရင်းနှီးပြီးသား ပုံပြင်များဖြစ်ကြပြီး ထိုပုံပြင်များထဲမှ စိတ်ဝင်စားဖွယ်ရာ ပုံပြင် ၃ ပုဒ်ကို ရွေးချယ် တင်ပြလိုက်ရပါသည်။

ပုံပြင်

လူ နှင့် မြွေ

တစ်ရံရောအခါက လူတစ်ဦး၏သားလေးမှာ မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေးသေဆုံးသွားလေ၏။ သားလေးသေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ဖခင်က ပုဆိန်တစ်လက်ဖြင့် သူ၏သားကိုကိုက်သတ်သွားသော မြွေအား လိုက်လံရှာဖွေ၍ မြွေ၏အမြီးကို ခုတ်ဖြတ်လိုက်လေသည်။ ထို့နောက် မြွေက တစ်ဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ဖခင်ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန်

Continue reading »

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends