ပျော်ရွှင်မှု ဆိုတာ

| Jokes, Knowledge, Motivation | April 22, 2015

happiness

– Credit to Original

စိတ်ဓါတ်ကျနေတာလား။ စိတ်ဓါတ်ဆိုတာ ကိုယ်ကိုယ်တိုင်ချလို့ကျသွားတာ။

| Knowledge, Motivation | March 1, 2015

online motivation
– သည်းထန်နေတဲ့ မိုးဟာ မင်းဘဝအတွက်ကြီးမားတဲ့ စိန်ခေါ်မှုတွေဖြစ်နေတယ်။ မိုးတိတ်ပါစေတော့လို့ ဆုတောင်းနေမဲ့အစား ထီးတစ်ချောင်းသာအမြန်ရအောင်ရှာပြီး ကြံ့ကြံ့ခံရင်ဆိုင် တွန်းလှန်လိုက်ပါ။

– အချို့လူတွေကတော့ မင်းသွားနေတဲ့လမ်းခရီးကို ကျောက်တုံး၊ ကျောက်ခဲတွေပစ်သွင်းပြီး တားဆီးပိတ်ဆို့ နေမှာပဲ။ မင်းကိုယ်တိုင်ဟာ ပိသုကာပညာရှင်တစ်ယောက်ပါ။ အဲဒီပိတ်ဆို့နေတဲ့ ကျောက်တုံးကျောက်ခဲတွေကို အသုံးပြုပြီး နံရံကြီးဆောက်မှာလား၊ တံတားခင်းမှာလား။

– အပေါ်ယံအလှကို မရှာပါနဲ့၊ နှလုံးသားအလှတရားကိုရှာပါ။ အလှအပတိုင်းဟာ မကောင်းတတ်ပေမဲ့၊ ကောင်းတဲ့အရာအားလုံးဟာတော့ အလှတရားပါ။

– မင်းရဲ့ဘဝမှာ အကောင်းဆုံးဖဲချပ်တွေ ဆုပ်ကိုင်ထားပေမဲ့၊

Continue reading »

ဘာရောင်တွေ့လဲ။

| Jokes, Knowledge, science | March 1, 2015

myanmar ads

ဒီဓါတ်ပုံမှာပါတဲ့ အင်္ကျီရဲ့အရောင်ကို သေချာကြည့်ပါ။ ကိုယ့်ဘေးမှာရှိတဲ့လူကိုလဲ ပြပြီးမေးကြည့်၊ ကိုယ့်ဖုန်းထဲကို ဒေါင်းပြီး သူများတွေကိုလဲပြပြီးမေးကြည့်ပါ။ ဘာအရောင်တွေ့ ရလဲလို့။

အံ့သြစရာကောင်းလောက်အောင်ကို ထူးဆန်းနေတဲ့ ကိစ္စပါခင်ဗျ။

ဘာအရောင်တွေတွေ့ ရလဲဆိုတာပြောပြပေးပါလား ။

ကွဲပြားနေတဲ့ အဓိကအကြောင်းရင်းကတော့ ..

Continue reading »

လူတစ်ယောက်၏အပြုအမူကို သုံးသပ်ခြင်း

| Knowledge, Motivation | February 22, 2015

ထိုသူဟာ လူကောင်းတစ်ယောက်ဖြစ်သလား? ထိုသူရဲ့ အပြင်ပိုင်းကို ကြည့်ပြီးဆုံးဖြတ်လို့ မရပါ။ ပြီးတော့သူ့ကိုလူတွေက ဝိုင်းဝန်းချီးမွမ်းနေကြလို့လဲ လူကောင်းဟု မဆိုနိုင်ပါ။ အမှန်နဲ့ အမှားနှစ်ခုစလုံးကို ခွဲခြားသိပြီး၊ အမြဲတမ်း အမှန်တရားကိုပဲ သိအောင်ကြိုးစားနေသူကိုလဲ လူကောင်းတစ်ယောက်လို့ မဆိုနိုင်ပါ။

တခြားတစ်ယောက်အတွက် စံနမူနာကောင်းပြရုံဖြင့်လည်း မဖြစ်နိုင်ပါ။ ဘဝရဲ့ နိယာမတရားအရ လူကောင်းတို့အတွက် သတ်မှတ်ထားသော မဏ္ဏိုင် (၆) ချက်ရှိပါသည်။ ၎င်းတို့မှာ- ယုံကြည်စိတ်ချမှု၊ ရိုသေလေးစားမှု၊ တာဝန်သိမှု၊ တရားမျှတမှု၊ စောင့်ရှောက်မှု နဲ့ နိုင်ငံသားကောင်းပီသမှုတို့ပဲ ဖြစ်ပါသည်။Classified Myanmar

ယုံကြည်စိတ်ချမှု

(၁) ပြီးပြည့်စုံခြင်း – မိမိကိုယ်ကို ယုံကြည်ပြီး ရပ်တည်နိုင်ရမည်။ မိမိ၏ ဝေဖန်ပိုင်းခြားမှုကို မတွေဝေပဲ လုပ်ဆောင်နိုင်ရမည်။ အခြားသူတစ်ယောက်ရဲ့ ပြောစကားကို နားမယောင်ဘဲ ဆောင်ရွက်ရမည်။
(၂) ရိုးသားခြင်း – လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ခိုးဝှက်ခြင်း၊ လျှို့ဝှက်ခြင်း တို့ကို ဘယ်သောအခါမှ

Continue reading »

စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသော အဆိုအမိန့်များ

| Knowledge, Motivation | December 27, 2014

classifieds

ယနေ့ခေတ်အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ လူသားများအားလုံးသည် တစ်နေ့ထက်တစ်နေ့အပြိုင်အဆိုင်ကြိုးစားနေကြလျက်ရှိရာ စိတ်ဓာတ်ကျဖွယ်ရာအခက်အခဲများ၊ စိတ် ပင်ပန်းဖွယ်ရာ ကိစ္စများ၊ ဖိအားများ၊ စိတ်ဖိစီးမှုများနှင့်ရင်ဆိုင်ရနေရသူများအတွက် ကမ္ဘာကျော်ပုဂ္ဂိုလ် များ၏ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးသောအဆိုအမိန့်များကို တင်ပြလိုက်ရပါသည်။

“It is hard to fail, but it is worse never to have tried to succeed.” – Theodore Roosevelt

ရှုံးနိမ့်မှုကို ခံစားရသည်မှာ ခါးသီးပါသည်။ သို့သော် ပိုဆိုးသည်မှာ အောင်မြင်ရန် တစ်ရံတစ်ခါမှ မကြိုးစားခဲ့ခြင်းဖြစ်သည်။ – ၂၆ ဦးမြောက်အမေရိကန်သမ္မတ – Theodore Rossevelt

“Nothing can stop the man with the right mental attitude from achieving his goal; nothing on earth can help the man with the wrong mental attitude.” – W.W. Ziege

မှန်ကန်သော စိတ်နေစိတ်ထားဖြင့် ကြိုးစားနေသူအား မိမိ၏ရည်မှန်းချက်အောင်မြင်ရန်အတွက် မည် သည့် အရာကမှ ရပ်တန့်အောင် မပြုလုပ်နိုင်သကဲ့သို့ မှားယွင်းသော စိတ်နေစိတ်ထားရှိသူများကို လည်း မည်သည့်အရာကမှ ကူညီနိုင်မည် မဟုတ်ပါ။ – W.W. Ziege

“To climb steep hills requires a slow pace at first.” – Shakespeare

မတ်စောက်သောတောင်တန်းများကိုပထမဆုံးဦးစွာဖြည်းဖြည်းတက်ရန်လိုအပ်သည်။ – Shakespeare

“People often say that motivation doesn’t last. Well, neither does bathing – that’s why we recommend it daily.” – Zig Ziglar

စိတ်ဓာတ်တက်ကြွမှုသည် မတည်မြဲနိုင် ဟု လူအများက မကြာခဏပြောလေ့ရှိကြပါသည်။ ရေချိုးခြင်း သည်လည်း

Continue reading »

အီစွပ်၏ကမ္ဘာကျော်ပုံပြင်များ

| Knowledge, Motivation | December 11, 2014

Fable ဟု လူသိများထင်ရှားသည့် ပုံပြင်အမျိုးအစားမှာ ဖတ်ရှုသူများအား သင်ခန်းစာပေးသော ပုံပြင် များ ဖြစ်ပြီး အီစွပ်ရေးသားသောပုံပြင်များမှာ Aesop’s Fables ဟုပြောစမှတ်ပြုလောက်သည်အထိ ကမ္ဘာ တစ်ဝန်းလုံးရှိ လူအများအပြား သိရှိကြသည့် ကမ္ဘာကျော်ပုံပြင်များဖြစ်ကြပါသည်။ ယုန်နှင့်လိပ်၊ စပျစ်သီး နှင့် မြေခွေး၊ နွားစာခွက်ထဲက ခွေး၊ ခင်္သြေ့ နှင့် ကြွက်၊ ပုရွက်ဆိတ်နှင့် နှံကောင် အစရှိသည့် ပုံပြင်များမှာ ကမ္ဘာ တစ်ဝန်းလုံးရှိ စာဖတ်သူ အများစုနှင့် ရင်းနှီးပြီးသား ပုံပြင်များဖြစ်ကြပြီး ထိုပုံပြင်များထဲမှ စိတ်ဝင်စားဖွယ်ရာ ပုံပြင် ၃ ပုဒ်ကို ရွေးချယ် တင်ပြလိုက်ရပါသည်။

ပုံပြင်

လူ နှင့် မြွေ

တစ်ရံရောအခါက လူတစ်ဦး၏သားလေးမှာ မြွေတစ်ကောင်ကို မတော်တဆတက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက်သဖြင့် ထိုကောင်လေးသေဆုံးသွားလေ၏။ သားလေးသေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ဖခင်က ပုဆိန်တစ်လက်ဖြင့် သူ၏သားကိုကိုက်သတ်သွားသော မြွေအား လိုက်လံရှာဖွေ၍ မြွေ၏အမြီးကို ခုတ်ဖြတ်လိုက်လေသည်။ ထို့နောက် မြွေက တစ်ဖန် လယ်သမားဖြစ်သူ အဆိုပါကောင်လေး၏ဖခင်ပိုင်ဆိုင်သော ကျွဲနွားတိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန်

Continue reading »

စာပေမှရသော သုတ၊ရသများ

| Knowledge, Motivation | November 2, 2014

online advertising
စာပေဆိုသည်မှာ လူသားများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်လူသားသက်ရှိမိတ်ဆွေတို့၏အတွင်းစိတ်သဘာဝသည် ဖောက်ပြန်ပြောင်းလဲနိုင်သော် လည်း စာပေသည်ကား စာဖတ်သူတို့အပေါ် မည်သည့်အခါမှ ဖောက်ပြန်ပြောင်းလဲမည် မဟုတ်ပါ။ စာပေကို ယေဘုယျအားဖြင့် သုတစာပေနှင့်ရသစာပေ ဟူ၍ ခွဲခြားတတ်ကြပြီး မည်သည့်စာပေအမျိုး အစားအား ဖတ်ရှုစေကာမူ စာဖတ်သူပရိသတ်များအား သင်ခန်းစာတစ်ခုခုပေးစွမ်းနိုင်သည်ပင်။ စာပေ အမျိုးအစားများနှင့် စာပေရေးဟန်များကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

အတ္ထုပ္ပတ္တိ (Biography& Autobiography)

အတ္ထုပ္ပတ္တိဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏မွေးဖွားသည်မှ သေဆုံးသည်အထိ (သို့မဟုတ်) လက်ရှိ အချိန်အထိ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအကြောင်းကို အသေးစိတ်ပုံဖော်ရေးသားတတ်သော စာပေအမျိုးအစား တစ်မျိုးဖြစ်ပါသည်။အချို့ အတ္ထုပ္ပတ္တိများသည် တစ်စုံတစ်ဦး၏အကြောင်းအား အခြားတစ်စုံတစ်ဦး (သို့မဟုတ်) စာရေးဆရာ တစ်ဦးက ရေးသားထားခြင်းဖြစ်ပြီး အချို့မှာမူ အဆိုပါပုဂ္ဂိုလ်က မိမိ၏အကြောင်းကို ကိုယ်တိုင်ရေးဖွဲ့ ထားသောကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများဖြစ်ကြပါသည်။ အများအားဖြင့် အတ္တုပ္ပတိများအဖြစ် လူသိများ ထင်ရှားသူတို့၏ဘဝအကြောင်းအရာများကို ရေးသားလေ့ရှိကြပြီး ဤစာပေအားဖတ်ရှုခြင်းဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့ အောင်မြင်မှုပန်းတိုင်သို့ကြိုးစားပမ်းစားဖြင့် ဇွဲလုံ့လမလျှော့ဘဲမည်သို့အရောက်လျှောက်လှမ်း ခဲ့ကြပုံတို့အား သိရှိနိုင်ကာ ရှေ့ဆက်လျှောက်မည့် ဘဝခရီးလမ်းအတွက် ခွန်အားများစွာရရှိနိုင်ပါ သည်။

စုံထောက်ဇာတ်လမ်း (Detective Story)

လျှို့ဝှက်ဆန်းကြယ်ကာ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှုပ်ထွေးပွေလီလှသည့်မှုခင်းများအား

Continue reading »

ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းနေသူများအတွက် နည်းလမ်းကောင်းများ

| Knowledge, Motivation | October 26, 2014

myanmar articleယနေ့ခေတ်လူငယ်အားလုံးနီးပါးတွင် ရည်မှန်းချက်ကိုယ်စီရှိကြပါသည်။ ရည်မှန်းချက်အမျိုးမျိုးကွဲပြား သကဲ့သို့ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းပုံချင်းလည်း ကွဲပြားပါသည်။ မိမိရည်မှန်းချက်ပန်းတိုင် သို့ လျှောက်လှမ်းနေကြသူများအတွက် အကျိုးရှိစေမည့်နည်းလမ်းကောင်းအချို့ကို တင်ပြပေးလိုက်ပါသည်။

၁။ အခက်အခဲ၊ အတားအဆီးများအား မိမိ၏စွမ်းဆောင်ရည်ကိုမြင့်မားအောင်လုပ်ဆောင်ပေးသည့် တွန်းအား များဟု သဘောထားပါ။

အချို့မှာ မိဘဆွေမျိုးများ၏ထောက်ပံ့မှုကြောင့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုလွယ်ကူ ချောမွေ့စွာ လျှောက်လှမ်းနိုင်ပြီး အချို့မှာ ဘဝပေးအခြေအနေအရ မိဘဆွေမျိုးများ၏ ထောက်ပံ့မှုကို ရရှိ သူများထက် ပိုမိုခက်ခဲစွာ လျှောက်လှမ်းကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းတိုင်ကို လျှောက်လှမ်း နေစဉ်ကာလအတွင်း အခက်အခဲ၊ အတားအဆီးများကို မည်သူမဆိုကြုံတွေ့တတ်ကြစမြဲပင်။ ထိုအခက်အခဲ၊ အတားအဆီးများကို စိတ်ညစ်စရာ၊ စိတ်ပျက်စရာ ထိုးနှက်ချက်များအဖြစ် မမှတ်ယူဘဲ မိမိ၏ စိတ်ဓာတ် ပိုမိုကြံ့ခိုင်လာစေရန်၊ ပြဿနာတစ်ခုအား ပြေလည်အောင်ဖြေရှင်းတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် လေ့ကျင့်ပေးသည့် လေ့ကျင့်ခန်းတစ်ခုအဖြစ် သဘောထားလိုက်ပြီး ကြိုးစားလျှင် ပိုမို အကျိုး ထိရောက်နိုင်ပါသည်။ အတားအဆီးများနှင့်ရင်ဆိုင်ရလေလေ မိမိ၏စွမ်းဆောင်ရည်ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

၂။ အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်မကျပါနှင့်။

မိမိလုပ်ဆောင်သည့်လုပ်ဆောင်ချက်တစ်ခုမအောင်မြင်လျှင် ဖြစ်စေ၊ အဆင်မပြေလျှင် ဖြစ်စေ၊ အမှားပြုလုပ်မိလျှင် ဖြစ်စေ လူတိုင်း အနည်း နှင့်အများစိတ်ဓာတ်ကျတတ်ကြပါသည်။ ကြိုးစားသူတိုင်း အောင် မြင်မှုကိုရှာမတွေ့မီ အရှုံးနှင့်ရင်ဆိုင်ရတတ်ပါသည်။ ထိုတွေ့ကြုံရသည့်အရှုံးများမှ သင်ခန်းစာယူကာ ဆက် လက်ကြိုးစားပါ။ “Don’t cry over the split milk” ဖိတ်ကျသွားသောနို့အတွက် မငိုကြွေးပါနှင့် ဟူ၍ ဆိုရိုး စကားရှိသည် မဟုတ်ပါလော။

၃။ မည်သည့်အခက်အခဲများနှင့်ရင်ဆိုင်ရပါစေ မိမိ၏ရည်မှန်းချက်ကို အတိမ်းအစောင်းမခံပါနှင့်။

လူတိုင်း ရှုံးနိမ့်မှုများ၊ အဆင်မပြေမှုများကို ရင်ဆိုင်ရသည့်အခါမှာ စိတ်ဓာတ်ကျတတ်ပြီး မိမိ၏ရည်မှန်း ချက် တဖြည်းဖြည်းဝေဝါးလာကာ

Continue reading »

အသက်အငယ်ဆုံးငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာ

| Knowledge | October 14, 2014

malala yousafzaiအသက် ၁၇ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသူ Malala Yousafzai သည် ကလေးသူငယ်များ ပညာဆက်လက်သင်ကြားခွင့်ရရှိအောင်လှုပ်ရှားဆောင်ရွက်မှုအတွက် ၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်၊ သောကြာနေ့တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကလေးသူငယ်များဆိုင်ရာအခွင့်အရေးလှုပ်ရှား သူ အိန္ဒိယနိုင်ငံသား Kailash Satyarthi နှင့်အတူ ပူးတွဲချီးမြှင့်ခံခဲ့ရပါသည်။

Malala သည် အသက်အရွယ်ငယ်သော်လည်း အမျိုးသမီးများ ပညာသင်ကြားခွင့်ရရှိရေး အတွက် နှစ်ပေါင်းများစွာကြာ တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်ပြီး ကလေးသူငယ်များနှင့် လူငယ်များအနေ ဖြင့် မိမိတို့၏အခြေအနေအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ကြောင်း စံပြလုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ကြောင်းနှင့် အန္တရာယ်များကြားမှ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ ကြောင်း နိုဗယ်ဆုကော်မတီမှ ပြောကြားခဲ့ပါသည်။

Malala က သူ့အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် ယုံကြည်ပါကြောင်း၊ စိတ်ရှည်သည်းခံ နိုင်မှုကို အမှန်တကယ်ယုံကြည်ပါကြောင်း၊ သူပြောခဲ့သည့်အတိုင်း သူ့အနေဖြင့် ငြိမ်းချမ်းရေးနိုဗယ်ဆု ဖြင့် ထိုက်တန်သည်ဟု အခုထိမယူဆမိပါကြောင်း၊ သူ့အနေဖြင့် အခြေအနေကိုဖွင့်ဟပြောဆိုရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သူ့အဖြစ်အပျက်မှတစ်ဆင့် ကမ္ဘာပေါ်ရှိအခြားကလေးသူငယ်များကိုပြောချင်သည် မှာ မိမိတို့ရသင့်သည့်အခွင့်အရေးကို တောင်းဆိုသင့်ကြောင်း၊ သူရရှိသည့် ဤနိုဗယ်ဆုသည် ကလေး သူငယ်များအားလုံးအတွက် ခွန်အားဖြစ်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Malala ကို ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၌ မွေးဖွားခဲ့ပါသည်။ သူသည် တာလီဘန်များက မိန်းကလေးများကျောင်းတက်ခွင့်ကိုပိတ်ပင်ထားသည့်နေရာဖြစ်သော သူ၏ဇာတိ Swat တောင်ကြားတွင်

Continue reading »

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends