စာပေမှရသော သုတ၊ရသများ

| Knowledge, Motivation | November 2, 2014

online advertising
စာပေဆိုသည်မှာ လူသားများအတွက် အကောင်းဆုံးအဖော်မွန်ဖြစ်သည် ဟူသော ဆိုရိုးစကား အတိုင်းပင်လူသားသက်ရှိမိတ်ဆွေတို့၏အတွင်းစိတ်သဘာဝသည် ဖောက်ပြန်ပြောင်းလဲနိုင်သော် လည်း စာပေသည်ကား စာဖတ်သူတို့အပေါ် မည်သည့်အခါမှ ဖောက်ပြန်ပြောင်းလဲမည် မဟုတ်ပါ။ စာပေကို ယေဘုယျအားဖြင့် သုတစာပေနှင့်ရသစာပေ ဟူ၍ ခွဲခြားတတ်ကြပြီး မည်သည့်စာပေအမျိုး အစားအား ဖတ်ရှုစေကာမူ စာဖတ်သူပရိသတ်များအား သင်ခန်းစာတစ်ခုခုပေးစွမ်းနိုင်သည်ပင်။ စာပေ အမျိုးအစားများနှင့် စာပေရေးဟန်များကို အောက်ပါအတိုင်းခွဲခြားထားပါသည်။

အတ္ထုပ္ပတ္တိ (Biography& Autobiography)

အတ္ထုပ္ပတ္တိဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏မွေးဖွားသည်မှ သေဆုံးသည်အထိ (သို့မဟုတ်) လက်ရှိ အချိန်အထိ ဖြတ်သန်းလာခဲ့သည့် ဘဝတစ်လျှောက်လုံးတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ များအကြောင်းကို အသေးစိတ်ပုံဖော်ရေးသားတတ်သော စာပေအမျိုးအစား တစ်မျိုးဖြစ်ပါသည်။အချို့ အတ္ထုပ္ပတ္တိများသည် တစ်စုံတစ်ဦး၏အကြောင်းအား အခြားတစ်စုံတစ်ဦး (သို့မဟုတ်) စာရေးဆရာ တစ်ဦးက ရေးသားထားခြင်းဖြစ်ပြီး အချို့မှာမူ အဆိုပါပုဂ္ဂိုလ်က မိမိ၏အကြောင်းကို ကိုယ်တိုင်ရေးဖွဲ့ ထားသောကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများဖြစ်ကြပါသည်။ အများအားဖြင့် အတ္တုပ္ပတိများအဖြစ် လူသိများ ထင်ရှားသူတို့၏ဘဝအကြောင်းအရာများကို ရေးသားလေ့ရှိကြပြီး ဤစာပေအားဖတ်ရှုခြင်းဖြင့် အဆိုပါ ပုဂ္ဂိုလ်တို့ အောင်မြင်မှုပန်းတိုင်သို့ကြိုးစားပမ်းစားဖြင့် ဇွဲလုံ့လမလျှော့ဘဲမည်သို့အရောက်လျှောက်လှမ်း ခဲ့ကြပုံတို့အား သိရှိနိုင်ကာ ရှေ့ဆက်လျှောက်မည့် ဘဝခရီးလမ်းအတွက် ခွန်အားများစွာရရှိနိုင်ပါ သည်။

စုံထောက်ဇာတ်လမ်း (Detective Story)

လျှို့ဝှက်ဆန်းကြယ်ကာ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှုပ်ထွေးပွေလီလှသည့်မှုခင်းများအား သေချာစွာ စုံစမ်းစစ်ဆေးပြီး သက်သေခံပစ္စည်း၊ သဲလွန်စ၊ သတင်းအချက်အလက် စသည်တို့ကိုပေါင်းစပ်ကာ အမှုမှန်ပေါ်ပေါက်ရေးကြိုးပမ်းဆောင်ရွက်တတ်သည့် စုံထောက်အား အဓိက ဇာတ်အိမ်တည်၍ ရေး သားသော စာပေအမျိုးအစား တစ်မျိုးဖြစ်ပါသည်။ ဤစုံထောက်ဇာတ်လမ်းများသည် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတစ်ဝန်းလုံးတွင် စာဖတ်ပရိသတ်အခိုင်အမာရရှိထားသည့် စာပေအမျိုးအစားတစ်မျိုး ဖြစ်ပြီး ဥပမာအားဖြင့် ဗြိတိန်လူမျိုး ကမ္ဘာကျော်စာရေးဆရာ Sir Arthur Conan Doyle ၏ Sherlock Holmes စုံထောက်ဇာတ်လမ်းများမှာ ယနေ့တိုင်ရေပန်းစားလူကြိုက်များလျက်ရှိသည့် ဇာတ်လမ်းများ ဖြစ်ကြပါသည်။ စုံထောက်ဇာတ်လမ်းများကို ဖတ်ရှုခြင်းဖြင့် ဇာတ်လမ်းပါ သဲလွန်စများအပေါ်အခြေခံ၍ မှုခင်းကွင်းဆက်များကိုလိုက်လံဆက်စပ်စဉ်းစားကာ အဖြေရှာကြသောကြောင့် မိမိ၏စဉ်းစားတွေးခေါ် နိုင်စွမ်းကို မြင့်မားစေပါသည်။

ဒရမ်မာဇာတ်လမ်း (Drama)

အများအားဖြင့် ဒရမ်မာဇာတ်လမ်းများသည် လက်တွေ့ဘဝအကြောင်းကို သရုပ်ဖော်ရေးသားထား သည့် စာပေအမျိုးအစားတစ်မျိုးဖြစ်ပြီး စာဖတ်သူများသည်လည်း ဇာတ်လမ်းနှင့်အတူစီးမျောခံစားရင်း ဇာတ်လမ်းထဲမှ ပျော်စရာအဖြစ်အပျက်အကြောင်းကို ဖတ်ရှုရစဉ် ကြည်နူးပျော်ရွှင်လိုက်၊ ဝမ်းနည်းပူ ဆွေးစရာအကြောင်းရေးသားထားလျှင် မျက်ရည်ကျလိုက်နှင့် မိမိတို့၏လက်တွေ့ဘဝနှင့်မကွာခြား သည့် အကြောင်းအရာများအပေါ်အခြေခံ၍ စိတ်ဝင်စားဖွယ်ကောင်းအောင်ရေးသားထားသော စာပေ ရေးဟန်တစ်မျိုးဖြစ်ပါသည်။ ဤစာပေကိုဖတ်ရှုခြင်းဖြင့် ဘဝဆိုင်ရာအတွေးအခေါ်အမြင်များကို ရရှိနိုင် သောကြောင့် မိမိ၏လက်တွေ့ဘဝတွင် ပြန်လည်အသုံးချနိုင်မည့် အသိပညာများရရှိနိုင်ပါသည်။

ဂန္ထဝင်မော်ကွန်းကဗျာရှည် (Epic)

ဂန္ထဝင်မော်ကွန်းကဗျာရှည်ဆိုသည်မှာ ရှေးယခင်ကကျော်ကြားထင်ရှားသော သူရဲကောင်းများ အကြောင်း နှင့် ထင်ရှားသော သမိုင်းဝင်ဖြစ်ရပ်များအကြောင်း၊ ဘာသာရေးဆိုင်ရာအကြောင်း အရာ များ၊ လူမှုကျင့်ဝတ်ဆိုင်ရာအကြောင်းအရာများ စသည်တို့ကို စီကာပတ်ကုံးရေးသားထားသည့် ကဗျာ စာပေအမျိုးအစားတစ်မျိုးဖြစ်ပါသည်။ ကမ္ဘာ့နေရာအနှံ့တွင်မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို နောင်လာ နောင်သားများအား လက်ဆင့်ကမ်းသည့်အနေဖြင့် အဆိုပါကဗျာရှည်များအား ရေးသားစပ်ဆိုခဲ့ကြ ခြင်း ဖြစ်ပါသည်။ ထင်ရှားကျော်ကြားသော မော်ကွန်းကဗျာရှည်မှာ စာရေးဆရာ Homer ၏ ကမ္ဘာ ကျော်ကဗျာရှည်နှစ်ပုဒ်ဖြစ်သည့် Trojan War အကြောင်းရေးသားဖွဲ့ဆိုထားသော Illiad ကဗျာရှည် နှင့် စစ်ပွဲအပြီး အိမ်ပြန်သည့် Odysseus ၏အိမ်ပြန်ခရီးအကြောင်းကိုရေးသားထားသည့် Odyssey ကဗျာတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံမှနာမည်ကျော်ကဗျာဆရာ ထီလာစစ်သူရေးစစ်သည့် မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာရှည်မှာလည်း ထင်ရှားကျော်ကြားသည့် ကဗျာရှည်တစ်ပုဒ်ဖြစ်ပါသည်။

သင်ခန်းစာပေးပုံပြင်တို (Fable)

သင်ခန်းစာပေးပုံပြင်တိုများမှာ လူ့သဘောသဘာဝကိုအခြေခံရေးသားထားသော သင်ခန်းစာစရာ ကောင်းသည့်အချက်အလက်များကို ထည့်သွင်းရေးသားထားသော စာပေအမျိုးအစားတစ်မျိုးဖြစ်ပါ သည်။ Aesop ရေးသားသော ယုန်နှင့်လိပ်ပုံပြင်၊ စပျစ်သီးနှင့် မြေခွေးပုံပြင် စသည်တို့မှာ ကမ္ဘာအနှံ့ အပြားရှိလူအများစုကြားတွင် ထင်ရှားသော ပုံပြင်များဖြစ်ကြပါသည်။ ထိုပုံပြင်များကို ဖတ်ရှုခြင်းဖြင့် လက်တွေ့လောက၌ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် လူများ၏သဘောသဘာဝကို နားလည် သဘောပေါက်စေရန် အထောက်အကူပြုပေးနိုင်ပါသည်။

ရိုးရာဒဏ္ဍာရီပုံပြင် (Folklore)

ရိုးရာဒဏ္ဍာရီပုံပြင်ဆိုသည်မှာ ရိုးရာထုံးထမ်းအစဉ်အလာအရ တဖြည်းဖြည်းလက်ဆင့်ကမ်းလာခဲ့ကြ ကာ ပုံပြင်ပါအဓိကဇာတ်ကောင်များမှာ ခွန်အားကြီးမားသော၊ ဉာဏ်ရည်ထက်မြက်သော၊ မှန်ကန်စွာ ဆုံးဖြတ်တတ်ကြသော သူရဲကောင်းဇာတ်ကောင်များဖြစ်ကြပါသည်။ အဓိအားဖြင့် အဆိုပါပုံပြင်များ မှာ ပဉ္စလက်အတတ်ပညာ၊ အချစ်ဇာတ်လမ်းများ၊ ရယ်မောဖွယ်ရာဇာတ်လမ်းများ၊ လူထုဘက်မှရပ် တည်ပေးသည့် သူရဲကောင်းဇာတ်လမ်းများ ဖြစ်ကြကာ ကမ္ဘာ့နေရာအနှံ့အပြားတွင် အဆိုပါရိုးရာ ဒဏ္ဍာရီနေရာဒေသအလိုက်တွေ့နိုင်ပြီး Hercules၊ Robin Hood၊ Cinderalla၊ Show White၊ Beauty and the Beast စသည့် ပုံပြင်များမှာ ထင်ရှားသောရိုးရာပုံပြင်များဖြစ်ကြပါသည်။ အဆိုပါပုံပြင်များ သည်လည်း လူ့သဘောသဘာဝနှင့်ကိုက်ညီသောအကြောင်းအရာများကို ထည့်သွင်းရေးသားထား သောကြောင့် ဖတ်ရှုသူများအား သင်ခန်းစာပေးနိုင်သည့် စာပေအမျိုးအစားတစ်မျိုးဖြစ်ပါသည်။

ဝတ္ထုရှည် (Novel)

ဝတ္ထုရှည်များမှာ လူ့သဘောသဘာဝနှင့် စာရေးဆရာများ၏အတွေးများကို ပေါင်းစပ်ကာ ရေးသား ပုံဖော်သည့် စာပေအမျိုးအစားတစ်မျိုးဖြစ်ပြီး ဤစာပေအမျိုးအစားသည် ကမ္ဘာတစ်ဝန်းလုံးရှိ စာဖတ် ပရိသတ်များ၏စိတ်ကို ညို့ယူဖမ်းစားနိုင်သော စာပေဖြစ်သည်။ Leo Tolstoi ၏ War & Peace၊ Margaret Mitchell ၏ Gone with the Wind၊ Emily Brontë ၏ Wuthering Heights၊ Mary Shelley ၏ Frankenstein၊ Charles Dickens ၏ David Copperfield အစရှိသောဝတ္ထုရှည်များ ကမ္ဘာတစ်ဝန်းလုံးရှိ စာဖတ်ပရိသတ်များ နှစ်သက်စွာဖတ်ရှုခဲ့ကြသော ယနေ့တိုင်လက်ခံအားပေးနေ ကြဆဲဖြစ်သော ဂန္ထဝင်ဝတ္ထုရှည်များဖြစ်ကြသည်။ ဤဝတ္ထုများတွင်လည်း ဇာတ်ကောင်အမျိုးမျိုး၏ စရိုက်သဘာဝအမျိုးမျိုးကိုတွေ့မြင်ရနိုင်ပါသည်။

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်း (Science Fiction)

စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းများသည်လည်း ဆန်းကြယ်ပြီး စိတ်ဝင်စားဖွယ်ကောင်းသည့်ဇာတ်လမ်း များ ဖြစ်သောကြောင့် စာဖတ်ပရိသတ်များ စိတ်ဝင်တစားလက်ခံဖတ်ရှုကြသော စာပေအမျိုးအစား တစ်မျိုး ဖြစ်ပါသည်။

သတင်းစာ (Newspaper)

သတင်းစာအရေးအသားမှာလည်း စာပေအရေးအသားတစ်မျိုးဖြစ်ပြီး လူသားအများစုနှင့် ရင်းနှီး ကျွမ်းဝင်မှုအရှိဆုံးစာပေဖြစ်ကာ ကမ္ဘာအနှံ့ဖြစ်ပျက်နေသောအကြောင်းအရာများကိုအချိန်နှင့်တစ်ပြေး ညီသိရှိနိုင်စေရန် လုပ်ဆောင်ပေးနိုင်သည့် စာပေဖြစ်ပါသည်။

ကဗျာ (Poetry)

ကဗျာဆိုသည်မှာ ကာရံအပေါ် အခြေခံကာ ရေးသားဖွဲ့ဆိုတတ်ကြသည့် စာပေအမျိုးအစားတစ်မျိုး ဖြစ်ပြီး စာပေ၏နူးညံ့သိမ်မွေ့သောအငွေ့အသက်များအား စာဖတ်သူများခံစားရစေရန်လုပ်ဆောင်ပေး နိုင်သည့် စာပေဖြစ်ပါသည်။

စာပေများသည် စာဖတ်သူများ၏စိတ်ဓာတ်ခွန်အားများမြင့်မားစေရန်၊ အသိပညာဗဟုသုတတိုးပွားစေ ရန်၊ သင်ခန်းစာများရရှိစေရန် ကူညီထောက်ပံ့ပေးသောကြောင့် စာဖတ်ခြင်းအလေ့အကျင့်အား ပြုစု ပျိုးထောင်သင့်ကြောင်း အကြံပြုလိုက်ရပါသည်။

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends