ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းနေသူများအတွက် နည်းလမ်းကောင်းများ

| Knowledge, Motivation | October 26, 2014

myanmar articleယနေ့ခေတ်လူငယ်အားလုံးနီးပါးတွင် ရည်မှန်းချက်ကိုယ်စီရှိကြပါသည်။ ရည်မှန်းချက်အမျိုးမျိုးကွဲပြား သကဲ့သို့ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းပုံချင်းလည်း ကွဲပြားပါသည်။ မိမိရည်မှန်းချက်ပန်းတိုင် သို့ လျှောက်လှမ်းနေကြသူများအတွက် အကျိုးရှိစေမည့်နည်းလမ်းကောင်းအချို့ကို တင်ပြပေးလိုက်ပါသည်။

၁။ အခက်အခဲ၊ အတားအဆီးများအား မိမိ၏စွမ်းဆောင်ရည်ကိုမြင့်မားအောင်လုပ်ဆောင်ပေးသည့် တွန်းအား များဟု သဘောထားပါ။

အချို့မှာ မိဘဆွေမျိုးများ၏ထောက်ပံ့မှုကြောင့် မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို ပိုမိုလွယ်ကူ ချောမွေ့စွာ လျှောက်လှမ်းနိုင်ပြီး အချို့မှာ ဘဝပေးအခြေအနေအရ မိဘဆွေမျိုးများ၏ ထောက်ပံ့မှုကို ရရှိ သူများထက် ပိုမိုခက်ခဲစွာ လျှောက်လှမ်းကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ပန်းတိုင်ကို လျှောက်လှမ်း နေစဉ်ကာလအတွင်း အခက်အခဲ၊ အတားအဆီးများကို မည်သူမဆိုကြုံတွေ့တတ်ကြစမြဲပင်။ ထိုအခက်အခဲ၊ အတားအဆီးများကို စိတ်ညစ်စရာ၊ စိတ်ပျက်စရာ ထိုးနှက်ချက်များအဖြစ် မမှတ်ယူဘဲ မိမိ၏ စိတ်ဓာတ် ပိုမိုကြံ့ခိုင်လာစေရန်၊ ပြဿနာတစ်ခုအား ပြေလည်အောင်ဖြေရှင်းတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိ လာစေရန် လေ့ကျင့်ပေးသည့် လေ့ကျင့်ခန်းတစ်ခုအဖြစ် သဘောထားလိုက်ပြီး ကြိုးစားလျှင် ပိုမို အကျိုး ထိရောက်နိုင်ပါသည်။ အတားအဆီးများနှင့်ရင်ဆိုင်ရလေလေ မိမိ၏စွမ်းဆောင်ရည်ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

၂။ အခက်အခဲ အတားအဆီးများနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ဓာတ်မကျပါနှင့်။

မိမိလုပ်ဆောင်သည့်လုပ်ဆောင်ချက်တစ်ခုမအောင်မြင်လျှင် ဖြစ်စေ၊ အဆင်မပြေလျှင် ဖြစ်စေ၊ အမှားပြုလုပ်မိလျှင် ဖြစ်စေ လူတိုင်း အနည်း နှင့်အများစိတ်ဓာတ်ကျတတ်ကြပါသည်။ ကြိုးစားသူတိုင်း အောင် မြင်မှုကိုရှာမတွေ့မီ အရှုံးနှင့်ရင်ဆိုင်ရတတ်ပါသည်။ ထိုတွေ့ကြုံရသည့်အရှုံးများမှ သင်ခန်းစာယူကာ ဆက် လက်ကြိုးစားပါ။ “Don’t cry over the split milk” ဖိတ်ကျသွားသောနို့အတွက် မငိုကြွေးပါနှင့် ဟူ၍ ဆိုရိုး စကားရှိသည် မဟုတ်ပါလော။

၃။ မည်သည့်အခက်အခဲများနှင့်ရင်ဆိုင်ရပါစေ မိမိ၏ရည်မှန်းချက်ကို အတိမ်းအစောင်းမခံပါနှင့်။

လူတိုင်း ရှုံးနိမ့်မှုများ၊ အဆင်မပြေမှုများကို ရင်ဆိုင်ရသည့်အခါမှာ စိတ်ဓာတ်ကျတတ်ပြီး မိမိ၏ရည်မှန်း ချက် တဖြည်းဖြည်းဝေဝါးလာကာ နောက်ဆုံးပန်းတိုင်ပျောက်သွားသဖြင့် လေလွင့်သွားတတ်ပါသည်။ မိမိ၏ ပန်းတိုင်ပျောက်မသွားစေရေး မိမိ၏စိတ်ဓာတ်ခွန်အားကို အမြဲတမ်းမြှင့်တင်ပါ။

၄။ စိတ်ဓာတ်ကျနေချိန်တွင် စိတ်ဓာတ်ခွန်အားမြင့်တက်နိုင်မည့် စာအုပ်များကို ရွေးချယ်ဖတ်ရှုပါ။ သို့မဟုတ် အောင်မြင်ကျော်ကြားသူများ အရှုံးထဲမှ ရုန်းထွက်ကာ ကြိုးစားခဲ့ပုံတို့ကို လေ့လာသုံးသပ်ပါ။

စိတ်ဓာတ်ကျနေချိန်တွင် မိမိစိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မည့်စာအုပ်များကို ဖတ်ရှုခြင်းသည် ဆိုးရွား သောနွံမှရုန်းထွက်နိုင်အောင် လုပ်ဆောင်ပေးနိုင်သည့် တွန်းအားတစ်ခုဖြစ်ပါသည်။ သို့မဟုတ် အောင်မြင်ကျော် ကြားသူများအနေဖြင့် အရှုံးထဲမှ မည်သို့ရုန်းထွက်ကာ အောင်မြင်အောင်ကြိုးစားခဲ့ကြသနည်းဆိုသည်ကို လေ့ လာ သုံးသပ်ခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ကမ္ဘာကျော်အောင်မြင်နေကြသူများသည် သူတို့၏အောင်မြင်မှုနောက်ကွယ်တွင် အခက်အခဲအတားအဆီးပေါင်းများစွာ၊ ရှုံးနိမ့်မှုများစွာ၊ စိတ်ဓာတ်ကျခဲ့ချိန် ပေါင်း များစွာကို အကြိမ်ကြိမ်အဖန်ဖန်ဖြတ်ကျော်ပြီးမှ မိမိ၏ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တစ်ကြိမ်တစ်ခါကြိုးစားရုံမျှဖြင့် အောင်မြင်ခဲ့သူဟူ၍ မည်သူမှမရှိနိုင်ပါ။ ခံနိုင်ရည်ရှိမှုသည်လည်း ရည်မှန်းချက် ပန်းတိုင်ကိုလျှောက်လှမ်းရာတွင် ကောင်းမွန်သည့်အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါသည်။

၅။ မိမိတို့၏ရည်မှန်းချက်ပန်းတိုင်ကို ရိုးသားစွာ လျှောက်လှမ်းပါ။

လူအချို့သည် မိမိတို့ရည်မှန်းချက်ဖြစ်မြောက်ရန်အတွက် ကြိုးပမ်းရာတွင် အခြားသူများ၏အကျိုးစီးပွား ထိခိုက်သည် မထိခိုက်သည်ကို ဂရုမစိုက်ဘဲ မည်သည့်နည်းကိုမဆို အသုံးပြုတတ်ကြပါသည်။ ထိုသို့ သူတစ်ပါး ကိုနင်းခြေပြီးမှအောင်မြင်နိုင်မည်ဆိုလျှင် ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေကြသူအချင်းချင်း ကိုယ် ချင်းစာစိတ်မွေးပါ။

၆။ မိမိတို့ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်ကြိုးစားပါ။

လူအများစုသည် အစပိုင်းတွင် အားကြိုးမာန်တက်ကြိုးစားတတ်ကြသော်လည်း တဖြည်းဖြည်း အချိန် ကြာလာသည်နှင့်အမျှ တက်ကြွမှုများ ယုတ်လျော့လာတတ်ကြပါသည်။ မည်သည့်အရာမဆို ချက်ချင်း လက်ငင်းအကျိုးမခံစားရတတ်ပါ။ မအောင်မြင်မှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ပျက်အားငယ် လာတတ်ကြပါသည်။ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးစားလျှင် ပန်းတိုင်က ရှေ့မှာစောင့်ကြိုနေမှာပါ။

“Genius is one percent inspiration, ninety-nine percent perspiration.” Thomas Edison

“ထူးချွန်ထက်မြက်သူပညာရှင်တစ်ဦးဖြစ်ရန်အတွက် ဉာဏ်ကွန့်မြူးမှုက ၁ ရာခိုင်နှုန်းသာထောက်ပံ့ပေးပြီး နောက် ၉၉ ရာခိုင်နှုန်းမှာ ကြိုးပမ်းအားထုတ်မှုဖြစ်သည်”ကမ္ဘာကျော်အမေရိကန်တီထွင်သူ သောမတ်စ် အက်ဒီဆင်

– Nu Htet Htet Lwin

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends