ပျော်ရွှင်စရာမိသားစုဘဝလေးရရှိစေဖို့ Tips များ

| Knowledge | June 30, 2019

ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးရရှိစေဖို့ ရိုးရှင်းတဲ့လုပ်ဆောင်မှုလေးတွေပဲလိုပါတယ်…

မိသားစု အတူဝိုင်းဖွဲ့ စားသောက်ပါ။မိသားစုထမင်းဝိုင်းဆိုတာ သာယာပျော်ရွှင်တဲ့မိသားစုဘဝရရှိဖို့လိုအပ်တဲ့အရာတစ်ခုပါ။ အဓိကအားဖြင့် ကိုယ့်ရဲ့ရင်သွေးတွေအျပါ်မှာပိုမိုသက်ရောက်စေပါတယ်။ အစားအသောက်ကို စနစ်တကျ စားသောက်တတ်လာမယ်။မိသားစုနဲ့အတူအကြံပေးဆွေးနွေးတာတွေ ဒီထမင်းဝိုင်းလေးကနေပဲ လုပ်နိုင်တဲ့အတွက် လိုအပ်တဲ့အချက်ပါ။

အိမ်မှာပဲ မိသားစုအတူနေချိန်ထားရှိပါ။အထူးသဖြင့်ပိတ်ရက်လိုရက်မျိုးတွေမှာ မိသားစုအတူ မုန့်လုပ်စားတာမျိုး ကလေးတွေကိုစာအုပ်ဖတ်ပြတာ တီဗီအတူကြည့်တာ ဂိမ်းကစားတာတွေပြုလုပ်သင့်ပါတယ်။မိသားစုခရီးထွက်ခြင်းဟာလဲ ကောင်းတယ်ဆိုပေမဲ့ အခုလိုအိမ်မှာပဲ မိသားစု အတူအချိန်ကုန်တာကလဲ မိသားစုဆက်ဆံကေ်ုပိုမိုနွေးထွေးစေပါတယ်။

မိမိကလေးရဲ့သူငယ်ချင်းတွေကိုအိမ်လာလည်ပြီးဆော့ကစားတာကို ခွင့်ပြုပေးပါ။မိမိကလေးရဲ့သူငယ်ချင်းတွေကိုနွေးနွေးထွေးထွေးကြိုဆိုပြီး သူတို့ဆော့စကားဖို့နေရာပြုလုပ်ပေးတာ မုန့်ကျွေးခြင်းတွေကလဲ သင့်ကလေးအတွက်တော့ ဂုဏ်ယူရတဲ့မိဘ လို့ခံစားစေရမှာပါ။သင့်အပေါ်လဲပိုမိုယုံကြည်ပြီးချစ်ခင်မှုကိုရရှိစေပါတယ်။

သင့်မိသားစုရဲ့ History ကိုအချိန်ရတိုင်းပြောပြပေးပါ။Family tree လိုမျိုးတွေပြုလုပ်ပြီး ကလေးတွေကိုသူတို့ရဲ့ အဖိုးအဖွား အဒေါ်ဦးလေး အကြောင်း ကောင်းမွန်တဲ့အချက် ကြိုးစားမှု ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံစသည်ဖြင့် ပြောပြလေ့ရှိတာကလဲ ကလေးတွေအတွက်စိတ်အားတက်ကြွစေတဲ့အပြင် မိသားစုကိုပိုမိုတန်ဖိုးထားတတ်လာစေမှာအမှန်ပါပဲ။

ဒီအချက်လေးတွေကနေတစ်ဆင့် ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးရရှိစေရန်ဖော်ပြပေးလိုက်ပါတယ်။

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends