Ubi – Touch Technology

| Knowledge, Technology | August 22, 2013

Touch Technology

ဘယ်လို မျက်နှာပြင်ပေါ်မှာမဆို ပုံရိပ်ထိုး ပြီး ထိတွေ  ့စေခိုင်းလို့ရတဲ့ Ubi

သင်ဟာ နံရံပေါ်မှာ ပုံရိပ်တွေ ထိုးပြပြီး အလုပ်များနေတဲ့ အစီအစဉ်တင်ဆက်သူ တစ်ယောက်ဆိုရင် အဲဒီ့ ပုံရိပ်တွေကို ခင်ဗျား လက်ကလေးတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် ချင်နေမှာပေါ့ ။ အဲဒါ ဆို ခင်ဗျား အခု လုပ်လို့ရနိုင်ပါပြီ ။

Ubi ဆိုတဲ့ software အသစ်လေးကို …..Video Projector တစ်ခုရယ် Kinect လို့ခေါ်တဲ့ Window depth sensor တစ်ခုရယ် Windown 8 တင်ထားတဲ့ PC တစ်လုံးရယ် တွဲပြီး အသုံးပြု ရင် ရပါပြီ ။ Ubi ဟာ ကွန်ပြူတာမှ တဆင့် Kinet ရဲ့ Sensor စွမ်းအားနဲ့ အတူ Video ပုံရိပ် ကျတဲ့ မျက်နှာ ပြင်ပေါ်မှာ အသက်ဝင်စေမှာ ဖြစ်ပါတယ် ။ ပုံရိပ်ယောင် အလင်း လုံလောက်စွာ ရတဲ့ ဘယ်မျက်နှာပြင်ပေါ်မှာ မဆို ဥပမာ ( စားပွဲခုံ ….. စသည် ) ဘယ်လောက်ဝေးဝေးကဖြစ်ဖြစ် အလွယ်တကူ အသုံးပြုလို့ ရပါတယ် ။ သင့်ရဲ့ လက်ချောင်းလေးတွေဟာ သူ့ရဲ့ ပုံရိပ် ဘောင်အတွင်း ရောက်သွားသည်နှင့် တစ်ပြိုင်နက် Ubi က ကွန်ပျူတာထဲ မှာ သင့်ရဲ့ လှုပ်ရှားမှူ အတိုင်း ရွေးချယ်မှူ အတိုင်း လိုက်ပြီး လုပ်မှာဖြစ်ပါတယ်။

Ubi ကို Microsoft အတွက်ဖန်တီး ပေးထား တာပါ။ အခုအခါ မှာ Version လေးမိုျးနဲ့ ရရှိနေပါပြီ ။ Basic program အတွက်က finger only touch point ဖြစ်ပြီး ၄၅ လက်မ ( ၁၁၄ စင်တီမီတာ ) ပုံရိပ် နဲ့ပဲ အသုံးပြုလို့ရမှာပါ။ ဈေးနှုန်းအားဖြင့်ကတော့ PC တစ်လုံးစာ အတွက် US$ ၁၄၉ ဖြစ်ပါတယ် ။ နောက်ဆုံး Enterprise အတွက် ကတော့ 20 fingers or hand touch point ဖြစ်ပြီး လက်မ ၁၀ဝ ( ၂၅၄ စင်တီမီတာ ) ပုံရိပ်ကို အသုံးပြု လို့ရမှာပါ ။ဈေးနှုန်းကတော့ ၁၄၉၉ US $ ဖြစ်တာပါ ။ Omni Touch, Light Touch နဲ့ Lumin AR Bulb စတဲ့ တခြား projects တွေ ကိုလည်း လွန်ခဲ့တဲ့ နှစ်တွေ ကတည့်းက တိုးတက်လာ အောင်ကြိုးစား နေခဲ့ ကြပါတယ်။

-Ref: GizMag

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends