Walt Disney Day မှာဖော်ပြချင်တဲ့ Top 10 Walt Disney ကာတွန်းကားများ

| entertainment, Knowledge | December 3, 2018

ဒီနေ့ ကတော့ Walt Disney Day ပဲဖြစ်ပါတယ်။ Walt Disney ဆိုတာနဲ့ ကျနော်တို့လို ကာတွန်းကား ကြိုက်တဲ့သူတွေ တော်တော်များများသိကြမှာပါ။ ကဲဒီတော့ သူငယ်ချင်းတို့ လဲ Walt Disney Day မှာကြည့်ဖို့အတွက် Walt Disney Company ရဲ့ Top 10 Walt Disney ကာတွန်းကတေလေးတွေကိုဖော်ပြပေးလိုက်ပါမယ်…

 

1. Snow White And The Seven Dwarfs (1937)

1937 ခုနှစ်ကထွက်ရှိခဲ့တဲ့ Snow White မင်းသမီးလေးကာတွန်းကားဟာဆိုရင် ဝင်ငွေဒေါ်လာ 782,620,000 ထိရရှိခဲ့ပါတယ်။သူ့ရဲ့အောင်မြင်တဲ့ Dialogue လေးကတော့ “Magic mirror on the wall, who is the fairest one of all?” ပဲဖြစ်ပါတယ်။

 

 

2. 101 Dalmatians (1961)

1961 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ Dalmatian ခွေးလေးတွေပြန်ပေးဆွဲခံရတဲ့ ကာတွန်းလေးကတော့ ဝင်ငွေ ဒေါ်လာ 717,405,900 ရရှိခဲ့ပါတယ်။ဒီကာတွန်းလေးရဲ့နာမည်ကြီးတဲ့ Dialogue လေးကတော့ “My only true love, darling. I live for furs.”ပဲဖြစ်ပါတယ်။

 

 

3. Fantasia (1941)

1941 ခုနှစ်ကထွက်ရှိ ဒေါ်လာ 596,252,200 ထိရရှိခဲ့ပြီး ကလေးတွေအရမ်းနှစ်သက်ခဲ့တဲ့ Mickey Mouse ကာတွန်းဇာတ်ကောင်လေးပါဝင်တဲ့ဒီကားလေးရဲ့ ထင်ရှားတဲ့ Dialogue လေးကတော့ “And now we’re going to hear a piece of music that tells a very definite story.”ပဲဖြစ်ပါတယ်။

 

 

4. The Lion King (1994)

လူတိုင်းနှစ်သက်ကျတဲ့ Simba ဆိုတဲ့တောဘုရင်ခြင်္သေ့လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေး ဟာဆိုရင် ဝင်ငွေဒေါ်လာ 554,524,300 ထိရရှိခဲ့ပြီး ထင်ရှားတဲ့စကားလေးကတော့ “Look, boys! A king fit for a meal!” ပဲဖြစ်ပါတယ်။

 

 

5. The Jungle Book (1967)

တောတွင်းသားလေးနဲ့ဝက်ဝံကြီးတွေတောရိုင်းတိရစ္ဆာန်တွေအကြောင်းရိုက်ကူးထားတဲ့ဒီကာတွန်းလေးဟာမသိသူမရှိသလောက်ပါ။ “Man that’s what I call a swinging party.”ဆိုတာကတော့အဆိုပါ ကာတွန်းလေးရဲ့လူသိများတဲ့ Dialogue လေးပဲဖြစ်ပါတယ်။ ဝင်ငွေဒေါ်လာ 529,021,800 အထိရ ရှိခဲ့ ပါတယ်။

 

 

6. Sleeping Beauty (1959)

စုန်းမရဲ့ကျိန်စာမိခံရတဲ့မင်းသမီးလေးနဲ့သူမကိုစောင့်ရှောက်တဲ့နတ်သမီးလေးသုံးယောက်ပါဝင်တဲ့ဒီကာတွန်းကားလေးဟာလဲ ဝင်ငွေဒေါ်လာ 521,814,100 ထိရရှိခဲ့ပါတယ်။ ထင်ရှားတဲ့ Dialogue လေးကတော့ “Now sword of truth, fly swift and sure, that evil die and good endure!”ပဲဖြစ်ပါတယ်။

 

 

7. Pinocchio (1940)

သနားဖို့ရောချစ်ဖို့ရောကောင်းတဲ့သစ်သာရုပ်လေး Pinocchio အကြောင်းရိုက်ကူးထားတဲ့ဒီ ကာတွန်းလေးဟာလဲ ကလေး လူကြီး ကြိုက်ခဲ့တဲ့ကာတွန်လေးဖြစ်ပြီးလဝင်ငွေဒေါ်လာ 483,955,900ထိရရှိခဲ့ပါတယ်။ ထင်ရှားတဲ့ Dialogue လေးကတော့ “A boy who won’t be good, might just as well be made of wood.”ပဲဖြစ်ပါတယ်။

 

 

 

8. Bambi (1942)

ချစ်စရာသမင်လေး Bambi အကြောင်းရိုက်ကူးထားတဲ့ဒီကာတွန်းကားလေးဟာဆိုရင်လည်းဝင်ငွေဒေါ်လာ 457,455,400 ထိရရှိခဲ့ပါတယ်။ထင်ရှားတဲ့ Dialogue လေးကတော့ “Eating greens is a special treat. It makes long ears and great big feet.” ပဲဖြစ်ပါတယ်။

 

 

9. Finding Nemo (2003 – Walt Disney Pictures/Pixar Animation Studios)

ငါးလေး Nemo ကိုသူ့အဖေရှာပုံတော်ဖွင့်တဲ့ဒီကာတွန်းကားလေး ဟာအောင်မြင်မှုအရမ်းရခဲ့တဲ့ ကားလေးပါ။ ဝင်ငွေဒေါ်လာ 404,503,100 ထိရရှိခဲ့ပြီး ထင်ရှားတဲ့ Dialogue လေးကတော့“I didn’t come this far to be breakfast.”ပဲဖြစ်ပါတယ်။

 

 

10. Lady and the Tramp (1955)

ခွေးလေးတွေရဲ့ချစ်ခြင်းမေတ္တာကိုဖော်ကြူးထားတဲ့ဒီကားလေးဟာလဲဝင်ငွေ ဒေါ်လာ 400,176,500 ထိရရှိခဲ့ပြီးထင်ရှားတဲ့ Dialogue လေးကတော့ “When a baby moves in, the dog moves out.”ဖြစ်ပါတယ်။

Ref-ranking

No Tags

  

Sponsored Links

Leave a Reply

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends