ရေတစ်နေ့ကို ၁ လီတာဘာကြောင့် သောက်ခိုင်းကြတာလဲ?

| Health | January 12, 2020

ကိုယ့်နဲ့သိတဲ့မိတ်ဆွေတွေ လူကြီးမိဘတွေက ရေတစ်နေ့ကို ငှက်ပျောဘူး တစ်ဗူး (၁ လီတာ) သောက်ဖို့ ဘာကြောင့် ပြောဆို အကြံပေးကြလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

 

ရေအသက်တစ်မနက်ဆိုတဲ့အတိုင်းသင့်ရဲ့ခန္ဓာကိုယ်ဟာရေမသောက်ပဲမရှင်သန်နိုင်ပါဘူး။ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့နဲ့ နေ့စဉ်တက်ကြွလန်း ဆန်းနေဖို့အတွက် ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေများများသောက်ဖို့လိုအပ်တယ်ဆိုတဲ့စကား ကိုတော့ကြားနေကျဖြစ်မှာပါ။ဒါပေမဲ့ဘာကြောင့်ခန္ဓာကိုယ်ကရေကိုလိုအပ်တာလဲ ဘာကြောင့်ရေများ များ

သောက်ဖို့လိုအပ်လဲဆိုတာတွေကိုဖော်ပြပေးလိုပါတယ်။

 

ရေသန့်မှာပါဝင်တဲ့ကယ်လိုရီပမာဏဟာ Zero ပါ။ ဒါကြောင့်ရေဟာ အဆီနဲ့ကာဗွန်ဟိုက်ဒရိတ် တွေ ပရိုတိန်းတွေမပါဝင်ပဲ သင့်ရဲ့ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေဖို့ လိုသလောက်သောက်သုံးလို့ရပြီး ကိုယ်အလေးချိန်တိုးမှာလဲမစိုးရိမ်ရပါဘူး။

 

ခန္ဓာကိုယ်မှာရေဓာတ်မလုံလောက်တာဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဖြစ်ပွားစေပါတယ်။ ၂% သောရေပမာဏလောက်ဆုံးရှုံးတယ်ဆိုရင်ပဲ သင့်ရဲ့လုပ်ဆောင်နိုင်မှုတွေလှုပ်ရှားမှုတွေအားနည်းလာတာ ခန္ဓာကိုယ်အပူချိန်ကမောက်ကမဖြစ်တာ ဝမ်းချုပ်တာ ခေါင်းကိုက်ခဲတာစတာတွေဖြစ်စေပါတယ်။ ဒါ့အပြင်ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းတွေလုပ်ဆောင်မှုတွေပါကျဆင်းစေပါတယ်။ရေများများသောက်ပေးခြင်းဖြင့်အဆိုပါပြသနာတွေကိုဖြေရှင်းနိုင်ပါတယ်။

 

ရေမှာအာဟာရဓာတ်မပါဝင်ပေမဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေ ဥပမာ- ဆိုဒီယမ်ဓာတ်၊ ကယ်လ်ဆီရန်ဓာတ်စတာတွေကိုစုပ်ယူနိုင်စွမ်းရှိပြီးသင့်ရဲ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကိုပို့ဆောင်ပေးပါတယ်။

 

ရေများများသောက်ခြင်းဟာသင့်ရဲ့ကိုယ်တွင်းအပူချိန်ကိုထိန်းညှိုပေးနိုင်ပါတယ်။ ဒါကြောင့်ရေဟာအပူကိုစုပ်ယူနိုင်စွမ်းရှိပြီးရာသီဥတုပူတဲ့အချိန်မှာဆရာဝန်တွေဟာရေများများသောက်ဖို့အကြံပြုကျတာပဲဖြစ်ပါတယ်။

 

No Tags

  

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends