ဖုန်း Battery ကြာရှည်ခံရန် နည်းလမ်းများ

| Knowledge, Mobile Phones, science | January 26, 2015

ad myanmar agencyယနေ့ခေတ်တွင် ဖုန်းတစ်လုံးရဲ့ Battery ဟာ အရမ်းကို အရေးပါနေပါသည်။ သင့်ရဲ့ဖုန်းကို တစ်ခါလောက် အားသွင်းပြီး တစ်ပတ်လောက် သုံးဖူးပါသလား? ဘာမှမသုံးပဲ ထားရင်တော့ အရည်အသွေးမြင့် ဖုန်းတွေအတွက် ရပါလိမ့်မည်။ အစပိုင်းတွင် ဖုန်းတွေရဲ့ Battery ဟာ အချိန်အတော် ကြာကြာ အသုံးပြုနိုင်ပါသည် အချိန်ကြာလာသည်နှင့်အမျှ Battery သက်တမ်း တဖြည်းဖြည်း လျော့နည်းလာကြပါသည်။ ဖုန်းတစ်လုံးရဲ့ Battery သက်တမ်းဟာ သာမန်အားဖြင့် တစ်နှစ်ကြာပြီးတဲ့ နောက်မှာ ပုံမှန်ထက် အသုံးမခံတော့တာကို များသောအားဖြင့် ကြုံတွေ့ရတတ်ပါသည်။ Battery ရဲ့သက်တမ်းကို အမြဲတမ်း ပုံမှန်အနေအထား ဖြစ်အောင်တော့ လုပ်လို့မရပါဘူး၊ သို့ပေမဲ့ ကြာရှည်စွာ အသုံးခံနိုင်မဲ့ နည်းလမ်းများကို ဖော်ပြထားပါသည်။

(၁) ပုံမှန် အိပ်ရာဝင်ချိန်များတွင် အရေးကြီးသော ဖုန်းများဝင်ရန် မရှိပါက Airplane mode ပြုလုပ်ပြီး အိပ်ပါက Battery ကို ပိုပြီး Saveဖြစ်စေပါသည်။

(၂) တတ်နိုင်သမျှ မိမိရဲ့ Wifi Hotspot ကို ကြာရှည်စွာ မဖွင့်ထားမိဖို့လိုအပ်ပါသည်၊ အကယ်၍ ကြာရှည်စွာ Wifi ကို အမြဲလိုလို ဖွင့်ထားမိပါက Battery သက်တမ်းကို ပိုမို လျော့ကျစေပါသည်။ GPS System ကိုလဲမလိုအပ်လျှင် ပိတ်ထားသည်က ဖုန်းကို ရေရှည်အသုံးပြုနိုင်ရန် အထောက်အကူပြုပါသည်။

(၃) သင်ဟာ Dropbox application ကို သုံးစွဲသူ ဖြစ်ပါက Upload နှင့် Sync အတွက် Wifi only ကိုသာ ရွေးချယ်အသုံးပြုသင့်ပါသည်၊ ထိုနည်းဖြင့် ပိုမို
မြန်ဆန်မှုရှိသလို သင့်ရဲ့ ဖုန်းအတွက် Battery ထဲတွင် သိုမှီးထားသော Lithium စွဲအားကိုလည်း လျော့ကျစေပါသည်။

(၄) မလိုအပ်ဘဲ သင့်ရဲ့ ဖုန်း Background တွင် run နေသော applications များနှင့် ဟောင်း၍ မသုံးဖြစ်သော applications တွေကိုလည်း Uninstall
လုပ်ထားသင့်ပါသည်။

(၅) နောက်ပိုင်း ဖုန်းများတွင် Auto Brightness စနစ်များ ပါဝင်လာပါသည်၊ သင့်ရဲ့ဖုန်း Brightness အတွက် သင်ကိုယ်တိုင် လုပ်ဆောင်နေရလျှင် အလင်းရောင်အောက် ရောက်မှသာ ပိုမို တိုးချဲ့သင့်ပါသည်။

(၆) Internet အသုံးပြုသူများ အနေဖြင့် Battery ကို လျှင်မြန်စွာ ကုန်ဆုံးစေပါသည်၊ Wifi ဖြင့် သုံးခြင်းသည် Mobile Data ဖြင့် သုံးခြင်းထက် Save ပိုဖြစ်ပါသည်။

(၇) ဖုန်းအားကုန်မှာကို စိုးရိမ်ပြီး Charging အကြာကြီး သွင်းပြီးထား,ထားခြင်းသည် ဖုန်းရဲ့ မူလ Capacity ကို လျော့ကျသွားစေပါသည်။

(၈) Battery Doctor ကဲ့သို့သော application မျိုးကို ရွေးချယ်အသုံးပြုသင့်ပါသည်၊ ဖုန်းရဲ့ Battery percentage (%) ကို ဖော်ပြသလို application တစ်ခုချင်းစီရဲ့ Battery သုံးစွဲမှု ပမာဏကိုလည်းေ ဖာ်ပြပေးပါသည်။

– Ref: Techrader (Tinmg Htoo)

Sponsored Links

Leave a Reply

You must be logged in to post a comment.

Sponsored Ads

  • Myanmar Car Market
  • Myanmar Property
  • Myanmar Website Design
  • Ad 1
  • Interior design and renovation
  • Ad 1
  • ThuKhaSan Myanmar Traditional Medicine

Sponsored Links

Facebook Friends

Google Plus Friends