Welcome, visitor! [ Register | LoginRSS Feed  | 
Comments Off on World’s Most Valuable Brand
World’s Most Valuable Brand
| News | October 15, 2013
Online Media
ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုန်အမှတ်တံဆိပ်အဖြစ် Apple ရပ်တည်
ကမ္ဘာကျော် Google က ဒုတိယ နေရာကို ရရှိပြီး …..၊  ၁၃ နှစ်ကြာ နံပါတ် ( ၁ ) နေရာက မဖယ်ပေးခဲ့တဲ့ Coca Cola က တတိယ နေရာကို ရောက်ရှိသွားခဲ့ပါတယ် ။
ကုမ္ပဏီ တစ်ခုဟာ အချိန်တိုလေး အတွင်းမှာ ကျွန်တော်တို့ ဘ၀ရဲ့ အဆင့်အတန်းကို ပြောင်းလဲပစ်နိုင်ပါတယ်။ အခုပဲကြည့်လေ ၊ ၁၃ နှစ်လောက် ထိပ်ဆုံးက မဆင်းခဲ့တဲ့ Coca-Cola က Apple ကို နံပါတ် ( ၁ ) နေရာပေးလိုက်ရပါပြီလို့  Interbrand မှ global Chief Excutive Jez Framptom ကပြောကြားခဲ့ပါတယ်။ Tim Cook ဟာ သူ့ ရဲ့ အဖွဲ့ အစည်းကို ခိုင်ခိုင်မာမာ နဲ့ စုစည်းထားနိုင်ခဲ့သလိုပဲ  Steve Jobs မူဝါဒဖြစ်တဲ့ “Apple ဟာ တစ်ကြိမ်ထက် တစ်ကြိမ်ပိုမိုကောင်းမွန်တဲ့ ဆန်းသစ်မှုတွေ ဖြည့်ဆည်းပေးမှာပါ” ဆိုတဲ့ ကတိကိုလဲ အထိခိုက် မခံခဲ့ပါဘူး။
ကမ္ဘာ့ အကောင်းဆုံး ကုန်အမှတ်တံဆိပ်တွေကို စတင်သတ်မှတ်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကဆိုရင် Apple ဟာ အဆင့် ၃၆ နေရာမှာ ရပ်တည်ခဲ့တာပါ။ ၁၃ နှစ်အတောအတွင်း တန်ဖိုး ၁၅ ဆ တက်သွားပြီး ဒေါ်လာ ၉၈.၃ ဘီလီယံ ရောက်ရှိသွားပါတယ် ။ ဒုတိယ နေရာက Google က ၉၃.၃ ဘီလီယံ ၊ Coca Cola က ဒေါ်လာ ၇၉.၂ ဘီလီယံ နဲ့  တတိယ နေရာမှာ ရှိနေပါတယ်။
-Ref: ibtimes
Share Button
Sponsored Links
  • Syria crisis
    by on August 27, 2013 - 0 Comments
    UN inspectors' convoy hit by sniper fire အမည်မသိ လက်နက်ကိုင်များက ဆီးရီးယား မြို့ တော်အတွင်း ကုလယာဉ်တန်းကိုစနိုက်ပါများဖြင့် တိုက်ခိုက်ခဲ့တယ်လို့  UN ကဆိုပ...
  • Tiny Handset
    by on August 20, 2013 - 0 Comments
    အသေးငယ်ဆုံး တယ်လီဖုန်း (Tiny Handset) ယခု တစ်လော Fan page တွေမှာ အသေးငယ်ဆုံးသော Mobile ဖုန်းလေး ကို Fan item တစ်ခု နေနဲ့  တွင်တွင် ကျယ်ကျယ် ဖော်ပြ ကြော်ငြာတာ...
  • Drug to Death Penalty
    by on August 30, 2013 - 0 Comments
    အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား မူးယစ်ဆေးမှောင်ခိုကူးမှု သေဒဏ်ကျခံဖွယ်ရာရှိ အသက် ၆၄ နှစ်အရွယ် စင်္ကာပူနိုင်ငံသား လူမှုဝန်ထမ်းဟောင်း အဒူ ဝါဟတ် မိုဟာမက်ဟာ အင်ဒ...
  • ထူးဆန်းတဲ့ အကျီ
    by on April 3, 2014 - 0 Comments
    အောက်မှာဖော်ပြထားတဲ့ အင်္ကျီလေးတွေကို စကျင်ကျောက် (Carrera Marble) နဲ့ ထွင်းထုထားတာပါတဲ့…။ ထုဆစ်ခဲ့တဲ့ပညာရှင်ကတော့ Edinburgh မြို့ စကော့တလန်လူမျိုး Alasda...
  • ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……?
    by on May 20, 2014 - 0 Comments
    ဘိုထိုင်အိမ်သာ ဘာ့ကြောင့်သုံးသင့်လဲ……? မြန်မာနိုင်ငံမှာ မြန်မာအခေါ် ဗမာထိုင်၊ ဆောင့်ကြောင့် (Squat Toilt) တွေအသုံးများပါတယ်။ ကုန်ကျစရိတ်က ဘိုထိုင် (Sit Toi...